အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး

အီလွန်မက်စ်ရဲ့ Follower တွေကတော့ သူ့ကို တွစ်တာကုမ္ပဏီ အမှုဆောင်ချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြပါတယ်။

Dec 20, 2022 - 16:40
 0  2
အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး
အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး

အီလွန်မက်စ်ဟာ Follower ၁၂၂ သန်းရှိတဲ့ သူ့ရဲ့တွစ်တာအကောင့်မှာ CEO ရာထူးကနေ နှုတ်ထွက်သင့်၊ မနှုတ်ထွက်သင့် ဆိုတာကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ရလဒ်ကို လိုက်နာသွားမယ်လို့ ရေးသားခဲ့ပါတယ်။

အဲဒီစစ်တမ်းကို မဲပေးသူ ၁၇.၅ သန်းကျော် ရှိခဲ့ပြီး ၅၇.၅ ရာခိုင်နှုန်းကတော့ သူ့ကို တွစ်တာကုမ္ပဏီ CEO ရာထူးကနေ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြတာပါ။ Tesla နဲ့ Space X ကုမ္ပဏီတွေကို ပိုင်ဆိုင်သူ အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဝေဖန်မှုတွေ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

မဲရလဒ် အဖြေပေါ်ခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်က မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။ သူဟာ အမှုဆောင်ချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့မယ်ဆိုရင်တောင် တွစ်တာကုမ္ပဏီပိုင်ရှင်အဖြစ်တော့ ဆက်ရှိနေမှာပါ။

What's Your Reaction?

like

dislike

love

funny

angry

sad

wow

Phyo Wai Tun Life is not all about money. There are so many more to do and enjoy. I am just a random guy living with my own attitude.